ငါမပျော်ရင်နေပါစေ ငါချစ်ရတဲ့
မင်းပျော်နေရင် ကျေနပ်ပါတယ်
ငါတို့နှစ်ယောက်မိုင်တွေဘယ်
လောက်ခြားနေပါစေ ငါ့ရဲ့အချစ်
တွေကိုယ်တန်ဖိုးထားပြီးတော့
ချစ်နေပေးရင် ကျေနပ်ပါပြီ...
နင်ငါ့အပေါ်ဘယ်လောက်ပဲ
အနိုင်ယူနေပါစေ နင်တယောက်
တည်းကိုယ်ပဲငါ ချစ်ခဲ့တာပါလို့
ပြောပေးရင် ငါကျေနပ်ပါပြီ...
နင့်ဆီကိုယ်ငါခြေလှမ်း ၁၀လှမ်း
လောက်လှမ်းနေရပါစေ နင်ငါ့ဆီ
ကိုယ် ၁လှမ်းလောက်လှမ်းနေ
ပေးရင် ငါကျေနပ်ပါပြီ ချစ်သူ...
အချစ်တစ်ခုကို ကိုယ်က ဦးနှောက်နဲ့ ဖြစ်ဖြစ်
နှလုံးသားနဲ့ ဖြစ်ဖြစ် ကိုယ်ရွေးချယ်လိုက်တဲ့ အချစ်တစ်ခုဟာ
ကိုယ့်အတွက်စိတ်ချမ်းသာမှုတွေပေးနိုင်မဲ့ အချစ်တစ်ခု
ဖြစ်ဖို့ လိုအပ်တယ် စိတ်ချမ်းသာမှသာ သာယာပျော်ရွှင်တဲ့
မိသားစုဘ၀လေးကိုရရှိလာနိုင်မှာ ဖြစ်ပါတယ်
ကိုယ်ရွေးချယ်လိုက်တဲ့အချစ်တစ်ခု က ကိုယ့်အတွက်
စိတ်ချမ်းသာမှုမပေးနိုင်ခဲ့ဘူးဆိုရင်တော့ သူတစ်ပါးအမြင်မှာ
ကိုယ်က ဘယ်လိုပဲ လေးစားအထင်ကြီးစရာဖြစ်နေခဲ့ပါစေ
ကိုယ်ကိုတိုင်စိတ်မချမ်းသာနိုင်တဲ့အတွက် ပျော်ရွင်စရာမိသားစု
ဘ၀လေးက တော်တော်လေးကိုကြိုးစားမှုနဲ့ ရယူရမှာ ဖြစ်ပါတယ်
ကိုယ်ရွေးချယ်လိုက်တဲ့အချစ်တစ်ခုမမှားစေဖို့ အတွက်
ဘ၀တစ်ခုကိုထူထောင်တော့မယ်ဆို သေချာစဉ်းစားပြီးမှ
ရွေးချယ်ဆုံးဖြတ်သင့်ပါတယ် အချစ်တစ်ခုထဲနဲ့ လဲ ဘ၀ကို
မထူထောင်နိုင်သလို ငွေကြေးတစ်ခုအတွက်နဲ့ လည်း
ဘ၀ ကို အလွယ်တကူ မရွေးချယ်သင့်ပါဘူး....
![♥ ♥ ♥ ♥ ♥ Valentine Day ♥ ♥ ♥ ♥ ♥
တို့ ချစ်သူနှစ်ယောက်လဲ ဆင်တူအင်္ကျီလေးနဲ့ 
တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
အတူတူ လျှောက်လည်ချင်ကျတာပေါ့
ဒါပေမဲ့ ဖြစ်မှ မဖြစ်နိုင်သေးတာ....
ငါတို့ ချစ်သူနှစ်ယောက်လဲ
ဒီလို နေ့ ရက်လေးမှာတစ်ယောက်အတွက်တစ်ယောက်
အမှတ်တရ အဖြစ် လက်ဆောင်လှလှလေးတွေ
ပေးချင်ကျတာပေါ့ ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်သေးတာ...
ငါတို့ ချစ်သူနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်
ရေမြေတွေခြားပြီး ဝေးကွာနေရပေမဲ့
တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် သစ္စာထားပြီး
နားလည်မှုလေးတွေနဲ့ ချစ်နေကျတာပဲ နေ့ ရက်တိုင်းက
အရမ်းကိုပျော်စရာကောင်းနေမှာပါ.....
Valentine Day လေးအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ နော်
အရမ်းချစ်တယ် ချစ်သူ.... ♥ ♥ ♥ ♥ ♥
khin myo aye](http://sphotos-d.ak.fbcdn.net/hphotos-ak-prn1/s480x480/35514_440935145979143_1344828301_n.jpg)
♥ ♥ ♥ ♥ ♥ Valentine Day ♥ ♥ ♥ ♥ ♥
တို့ ချစ်သူနှစ်ယောက်လဲ ဆင်တူအင်္ကျီလေးနဲ့ 
တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
အတူတူ လျှောက်လည်ချင်ကျတာပေါ့
ဒါပေမဲ့ ဖြစ်မှ မဖြစ်နိုင်သေးတာ....
ငါတို့ ချစ်သူနှစ်ယောက်လဲ
ဒီလို နေ့ ရက်လေးမှာတစ်ယောက်အတွက်တစ်ယောက်
အမှတ်တရ အဖြစ် လက်ဆောင်လှလှလေးတွေ
ပေးချင်ကျတာပေါ့ ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်သေးတာ...
ငါတို့ ချစ်သူနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်
ရေမြေတွေခြားပြီး ဝေးကွာနေရပေမဲ့
တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် သစ္စာထားပြီး
နားလည်မှုလေးတွေနဲ့ ချစ်နေကျတာပဲ နေ့ ရက်တိုင်းက
အရမ်းကိုပျော်စရာကောင်းနေမှာပါ.....
Valentine Day လေးအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ နော်
အရမ်းချစ်တယ် ချစ်သူ.... ♥ ♥ ♥ ♥ ♥
▶တချိန်က သူအချစ်ကြောင့် ငါသိပ်ပျော်ခဲ့ဘူးတယ်
▶တချိန်က သူအပြုံးတွေကို ငါအရမ်းမြတ်နိုးခဲ့ဘူးတယ် ။ အခုထိမြတ်နိုးနေဆဲဘဲ..........
▶တချိန်က သူခံစားချက်ဆိုတာကို ငါနားမလည်ခဲ့ဘူး ။ ဒီအချိန်ငါခံစားချက်ဆိုတာကို သူနားမလည်တော့တာ မဆန်းတော့ပါဘူး...
▶တချိန်က အရာရာကို ငါအပေါ် သူနားမလည်နိုင်ခဲ့ဘူးထင်ခဲ့တာ။ ငါတောင်သူကိုနားလည်အောင်မကြိုးစားခဲ့မိတာဘဲ ။ တရားပါတယ် ......
▶တခုခုဆို မျက်ရည်ကို အဖော်ပြုတတ်တဲ့ငါ ....
နောင်တချိန် ငါအပြုံးတွေကို အဖော်ပြုပြီ နေခွင့်ရပါစေ........
*မနက် မိုးလင်းရင် နင့်ဆီက ဖုန်းလေးမျှော်မိတယ်
နင့်အသံလေးနဲ့  ငါ့ရဲ့ မနက်ခင်းလေး လန်းဆန်းချင်လို့ ပါ...
*နေ့ လည်ခင်းလေးမှာ နင့်ဆီက SMS လေးတစ်စောင်လောက် လိုချင်မိတယ်
နင့်ဂရုစိုက်မှုလေးနဲ့  ငါပင်ပန်းနေတာတွေကို အမောဖြေချင်လို့ ပါ...
*အလုပ်များလို့ !! အချိန်မရလို့  ဖုန်းမဆက်ဖြစ်တာပါ* ဆိုတဲ့ ဆင်ခြေလေးထက်
နင့်ဆီက `miss call´ လေး တစ်ခါလောက်တွေ့ ရရင်ပဲ
နင် ငါ့ကို အလေးအနက်ထားတယ် ဆိုတဲ့အတွေးကလေးနဲ့ 
ကျေနပ်နိုင်ပါပြီ ချစ်သူ ♥
No comments:
Post a Comment